ကွန်ဟိန်း ဇန်နဝါရီ ၁၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်၊ အခြေခံပညာမူလတန်းကျောင်း(၂၄၆)တွင် ပညာရေးစုံညီပွဲတော်နှင့် ဆုနှင်းသဘင်အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အဆိုပါကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာမူလတန်းကျောင်း(၂၄၆)မှ ကျောင်းသား၊ ကျောင်းသူလေးများက "စုံညီပွဲတော်တို့နွဲပျော်" သီချင်းဖြင့် သီဆိုကပြဖွင့်လှစ်ခဲ့သည်။ ထို့နောက် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးချမ်းငြိမ်းထက်၊ မြို့နယ်ပညာရေးမှူး ဦးကျော်သူရိန်၊ အ.မ.က(၁)ကျောင်းအုပ်ဆရာကြီး ဦးဟန်စည်၊ ပြန်/ဆက်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခွန်ရဲထွေးတို့က အသီးသီးအမှာစကားများပြောကြားကာ အ.မ.က (၂၄၆) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်သိန်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် စစ်ဗျူဟာအခြေချ(ကွန်ဟိန်း)၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကိုနိုင်မှ အ.မ.က(၂၄၆)ကျောင်းအတွက် ကျောင်းရန်ပုံငွေအား ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာမြင့်သိန်းထံ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုနှင့် ကာယ၊ ဉာဏဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ကြသည်။
ဆက်လက်၍ ကျောင်းသား/ ကျောင်းသူများက တေးသီချင်း သရုပ်ဖော်များ၊ အကအလှများဖြင့် ဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)