လွိုင်လင်မြို့၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနား ကျင်းပ

လွိုင်လင် ဇန်နဝါရီ ၁၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့၊ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပညာရေးစုံညီပွဲတော်အခမ်းအနားအား ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ ကျောင်းသူလေးများမှ "ပညာ့ဗိမ္မာန် " သီချင်းဖြင့် သီဆို၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး လွိုင်လင် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရွှေရွှေလွင်မှ အဖွင့်အမှာစကားပြောကြားပေးခဲ့သည်။

ဆက်လက်၍ ထူးချွန်ဆုရကျောင်းသား/သူလေးများအား တာဝန်ရှိသူများမှ ဆုများအသီးသီး ပေးအပ်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများမှ အကပဒေများဖြင့်ကပြဖျော်ဖြေပေးခဲ့ကြသည်။

အခမ်းအနားသို့ အမှတ်-၁၂၊ ခြေလျင်တပ်ရင်းမှ အရာရှိများ၊ လွိုင်လင်မြို့ပေါ်ရှိ ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ကျောင်းသားမိဘများ၊ ကျောင်းဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)