သတင်းများ

ကျိုက်မရော၌ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ  စိတ်အေးချမ်းသာစွာ စတင်ဖြေဆို
Mar 03,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်  Grade-5 နှင့် Grade 9 တန်းခွဲများ၏ နှစ်ဆုံးစာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်  ၉ နာရီက အ.ထ.ကကျိုက်မရောနှင့် သက်ဆိုင်ရာကျောင်းများ၌ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါင်မြို့နယ်၌ ၂၀၂၄- ၂၀၂၅ ပညာသင်နှစ် အခြေခံပညာအတန်းများ နှစ်ဆုံးစာမေးပွဲဖြေဆို
Mar 03,2025
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ မူလတန်းအဆင့် Grade (5) နှင့် အလယ်တန်းအဆင့် Grade (9) များအတွက် နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်ပိုင်းက မြန်မာစာဘာသာရပ် စတင်ဖြေဆိုခဲ့ကြသည်။
ဘီးလင်းမြို့နယ်၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်
Mar 03,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၅ ခုနှစ် နွေရာသီအားကစားသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘီးလင်းမြို့မ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်စစ်ဆေးမှု မြန်မာစာဘာသာရပ် စာမေးပွဲများ စတင်ဖြေဆို
Mar 03,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အသီးသီးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက် စစ်ဆေးမှု မြန်မာဘာသာရပ်စာမေးပွဲများကို ယနေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အသက်(၂)လမှ (၅)နှစ်အတွင်း ကလေးငယ်များအား ပိုလီယိုကာကွယ်ဆေး အရှိန်အဟုန်မြှင့်တင်တိုက်ကျွေး
Mar 03,2025
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးဌာနမှ ပိုလီယို(အရိုင်းပိုး)ကင်းစင်ပပျောက်ခြင်းအား ဆက်လက်ထိန်းသိမ်းထားရှိနိုင်ရေးအတွက် ရွှေ့ပြောင်းလူဦးရေများပြားသည့် တိုင်းဒေသကြီး(၄)ခုရှိ အသက်(၂)လမှ (၅)နှစ့်အတွင်း ကလေးငယ်များအား ပိုလီယိုရောဂါကာကွယ်ဆေး(အစက်ချ)တိုက်ကျွေးခြင်းကို လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စုရပ်အလိုက် (၂၇.၂.၂၀၂၅)နေ့မှ စတင်၍ ၃ -၃-၂၀၂၅ ရက်နေ့ထိ တိုက်ကျွေးသည်။
ဘုတ်ပြင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲ မြန်မာစာဘာသာ စတင်ဖြေဆို
Mar 03,2025
တနင်္သာရီဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ် အခြေခံပညာကျောင်းများရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ ၂၀၂၄-၂၀၂၅ ပညာသင် နှစ်၊ အခြေခံပညာမူလတန်းအဆင့် Grade-5 (ခရိုင်စစ်)နှင့် အခြေခံပညာအလယ်တန်းအဆင့် Grade-9 (တိုင်းစစ်) နှစ်ဆုံးစာမေးပွဲကို ယနေ့နံနက်က ကျောင်းသား၊ ကျောင်းသူများ  မြန်မာစာဘာသာ အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၌ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်
Mar 03,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြို့မစာကြည့်တိုက်တွင် ယနေ့နံနက် (၈) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီတို့မှကြီးမှူး၍ နွေရာသီလူငယ် အခြေခံအင်္ဂလိပ်စကားပြော၊ အခြေခံပန်းချီနှင့် ကဗျာရေးစပ်နည်းသင်တန်းဖွင့်လှစ်ခဲ့ရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကိုနှင့်ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းနှင့် မြို့မစာကြည့်တိုက်ကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)၌ နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများ ဖွင့်လှစ်
Mar 03,2025
ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း ကော်မတီမှကြီးမှူးဖွင့်လှစ်သော နွေရာသီကျောင်းအားလပ်ရက်များတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဖွင့်ပွဲကို မတ်လ ၃ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။