တာမွေမြို့နယ်၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ
Mar 04,2025
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများ တစ်ကိုယ်ရေကျန်းမာရေးဆိုင်ရာများနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် သိရှိပြီး ကျန်းမာရေးနှင့်အညီ စနစ်တကျ နေထိုင်သွားလာစားသောက်တတ်စေရန်အတွက် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ စီစဉ်မှုဖြင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲကို ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။