သတင်းများ

တောင်ငူခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းအခမဲ့ဖွင့်လှစ်
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာသင်တန်းနှင့် ပန်းချီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တောင်ငူခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
ပျဉ်းမနားမြို့နယ်၌ Grade-9 နှင့် Grade-5 နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ Grade-9 နှင့် Grade-5 ကျောင်းသား/ကျောင်းသူတို့အား ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယမန်နေ့ နံနက်က စတင်ကျင်းပရာ ပထမစာဖြေနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စာဖြေဌာနအသီးသီးတို့၌ ဖြေဆိုခဲ့ကြကြောင်း သိရသည်။
တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကာတွန်းရေးဆွဲနည်း အခြေခံသင်တန်း အခမဲ့ဖွင့်လှစ်ဆောင်ရွက်
Mar 04,2025
သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးမြို့တွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်
Mar 04,2025
မန္တလေးမြို့တွင် ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ မြန်မာ့ရိုးရာနှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကျင်းပရေးကော်မတီများမှ အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် Grade-9 နှင့် Grade-5 နှစ်ဆုံး‌တတ်‌မြောက်မှု စာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နှစ်ဆုံးတတ်မြောက်မှုစာမေးပွဲများကို ယမန်နေ့နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။
(၆၃) နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြခန်းများခင်းကျင်းပြသ
Mar 04,2025
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အထိမ်းအမှတ်အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဇွဲကပင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကရင်ပြည်နယ် သမဝါယမဦးစီးဌာနက ပြခန်းများ ပါဝင်ခင်းကျင်းပြသခဲ့သည်။
စဉ့်ကိုင်မြို့နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်စစ်ဆေးမှု မြန်မာစာဘာသာရပ် စာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း အသီးသီးတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် Grade-5 နှင့် Grade-9 ကျောင်းသား/ ကျောင်းသူများ နှစ်ဆုံးတတ်မြောက်စစ်ဆေးမှု မြန်မာဘာသာရပ်စာမေးပွဲများကို ယမန်နေ့နံနက်ပိုင်းက စိတ်အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade-5 နှင့် Grade-9 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ Grade -5 နှင့် Grade -9 နှစ်ဆုံးစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ သတ်မှတ်စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိရာ ပထမနေ့မြန်မာစာဘာသာရပ်ကို ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။