သတင်းများ

ဟင်္သာတမြို့နယ်တွင် လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်း သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
Jul 17,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာ၀တီတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးနှင့် ဟင်္သာတမြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ ပူး‌ပေါင်းဖွင့်လှစ်သော အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေး ရပ်ရွာအခြေပြု လူသုံးကုန်ဆပ်ပြာပြုလုပ်နည်း၊ ပန်းအလှပြင်နှင့် မုန့်လုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ
Jul 17,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ဇူလိုင်လမှဩဂုတ်လအတွင်းကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။
ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
Jul 17,2025
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ် မြောက်အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က  အ-မ-က နို့ထို့ခေးနှင့်ပိန္နဲကုန်းကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့ အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ကျင်းပ
Jul 17,2025
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေအ‌အထောက်အကူပြုအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ကျင်းပသည်။
လက်ပံတန်းမြို့ အလက(ထန်းပင်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဘက်စုံဖွံ့ဖြိုးရေး၊ ကျောင်းသား၊ ကျောင်းသူအချင်းချင်း အသိပညာဗဟုသုတမျှဝေဆွေးနွေးတတ်စေရန်အတွက် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉ နာရီက အ.လ.က (ထန်းပင်ကုန်း)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ကံမမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်ဓါတ်ပုံနံရံကပ်ပိုစတာပြပွဲ ကျင်းပ
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁) နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာများပြသခြင်းကို အမှတ်(၃)ရပ်ကွက်၊ မဒေးဝအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ဆင်ပေါင်ဝဲမြို့၌ Book Club အသင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်းပူးပေါင်း၍ Book Club အသင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကံမမြို့နယ် ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူများအား မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေး
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် တောင်သူများ  စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေချောမွေ့စေရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ဘဏ်အဖွဲ့ဝင်တောင်သူများအား ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့ နံနက် (၁၁) နာရီက ကျွန်းကလေးကျေးရွာအုပ်စုမှ တောင်သူ(၁၃၆)ဦး တို့၏ မိုးစပါး စိုက်ဧက(၃၁၂)ဧကအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၄၆၈)သိန်းအား ထုတ်ပေးခဲ့ကြောင်း သိရသည်။