ကိုကိုးကျွန်းမြို့နယ်တွင် အငြိမ်းစားပင်စင်စားများ၊ သက်ကြီးဘိုးဘွားများအား အခမဲ့ကျန်းမာရေးစစ်ဆေးမှုပုံမှန်ဆောင်ရွက်
Mar 03,2025
ကိုကိုးကျွန်းမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း(၄၅)မြို့နယ်တွင်ပါဝင်သော တစ်မြို့နယ်ဖြစ်သော်လည်း ရန်ကုန်မြို့နှင့် ရေမိုင်(၂၄၀)ခန့်ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးမှာ နေ့စဉ်ပြေးဆွဲနေသောသင်္ဘောခရီးစဉ်မရှိခြင်း၊ မြို့နယ်အတွင်း ပြင်ပမှဖွင့်လှစ်ထားသော ဆေးခန်းများမရှိခြင်းကြောင့် မြို့နယ်အတွင်းရှိ ပြည်သူလူထုများမှာ ကျန်းမာရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရမှ ဖွင့်လှစ်ပေးထားသော မြို့နယ်ဆေးရုံကိုသာ အားကိုးကုသနေရခြင်းကြောင့် မြို့နယ်အတွင်းနေထိုင်ကြသော သက်ကြီးဘိုးဘွားများအား အခမဲ့ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို လစဉ်လဆန်း(၃)ရက်နေ့တိုင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ကျန်းမာရေးဌာနမှပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။