သတင်းများ

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ရက်လွန်စားသောက်ကုန်များနှင့် ဆေးဝါးများအား ရှောင်တခင်စစ်ဆေး
Jul 16,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ဇူလိုင်လ(၁၅)ရက်၊ မွန်းလွဲ(၁၆)နာရီအချိန်က မြို့ပေါ်ရပ်ကွက်ရှိ ဈေးအရောင်းဆိုင်များအား မြို့အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ရှောင်တခင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ခရစ်နှစ် ၁၂၄၈ ခုနှစ်တွင် တည်ထားသည့် နန္ဒမညာဘုရားရှိ ဗုဒ္ဓဝင်ဆိုင်ရာ နံရံပန်းချီဇာတ်ကွက်များနှင့် ကနုတ်ပန်းများကိုလေ့လာနိုင်
Jul 16,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ခုနှစ် ၁၂၄၈ ခုနှစ်ကတည်ထားသည့် နန္ဒမညဂူဘုရားအတွင်းရှိ ဗုဒ္ဓဝင်ဆိုင်ရာနံရံပန်းချီဇာတ် ကွက်များနှင့် ကနုတ်ပန်းများကိုလေ့လာနိုင်ကြောင်း သိရသည်။
နမ့်ခမ်းမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကျင်းပ
Jul 16,2023
ကျောင်းသားလူငယ်များအနေဖြင့် နိုင်ငံတော်၏ အထိမ်းအမှတ်နေ့များကိုသတိတရရှိစေရန်၊ ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ပုဂ္ဂိုလ်ကြီးများအား အစဉ်အမြဲအောက်မေ့သတိရပြီး တန်ဖိုးထားလေးစာမြတ်နိုးတတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝစဉ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၌ (၇၆)နှစ် မြောက်အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ကဗျာနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အထက(၁) ကျောင်းခန်းမအတွင်း  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ပစ္စည်းများ ကုန်အညွှန်အမှတ်အ သားပြည့်စုံစွာ ပါရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Jul 16,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မဏိစည်သူဈေး၊ ဘုန်းစဉ်အခွန်လွတ် ဈေး၊ စတိုးဆိုင်များတွင်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် စားသုံးဆီအမျိုးမျိုးနှင့်စပ်လျဉ်း၍ စားသုံးသူကာကွယ်ရေးဥပဒေပါ  ကုန်စည်များ၌ ကုန်အညွှန်းအမှတ် ပြည့်စုံစွာပါရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်  ၉ နာရီခွဲအချိန်ကစစ်ဆေးခဲ့ကြောင်းသိ ရသည်။
စေတုတ္တရာမြို့နယ်တွင် ၂၀၂၃ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပ
Jul 16,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ တောင်မြေနီကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်က မိုးရာသီ သစ်ပင်စိုက်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့နယ်တွင်၂၀၂၃ ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားမိုးရာသီ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပ
Jul 16,2023
၂၀၂၃ ခုနှစ်၊ မိုင်းခတ်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌဖလားမိုးရာသီအလွတ်တန်းအမျိုးသား ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကိုဇူလိုင် လ ၁၅ ရက် ညနေ ၃နာရီအချိန်က ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊မိုင်းခတ်မြို့နယ်အားကစားကွင်း၌ စည်ကားစွာကျင်းပခဲ့‌ကြောင်း သိရသည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန် မိုးကောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်ထားသည့် လုပ်ငန်းများအားကြည့်ရှု
Jul 16,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန်သည် စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေ၊ သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့်အတူ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျှက် မိုးကောင်းမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်ထားသည့် လုပ်ငန်းများ အား ယမန်နေ့တွင် လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် လူငယ်စကားဝိုင်းကျင်းပ
Jul 16,2023
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့ ပူးပေါင်း၍ ကျောင်းသား/ ကျောင်းသူ လူငယ် လူရွယ်များ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံပြီ