ကော့ကရိတ် ဇူလိုင် ၁၇
လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးရည်ရွယ်၍ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အ-ထ-ကခွဲ(ဝင်းကြီး) ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ-ထ-ကခွဲ(ဝင်းကြီး)ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းက အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လေးနွယ်က လူငယ်နှင့်ရည်မှန်းချက်၊ ခေါင်းစဥ်တို့ကိုလည်းကောင်း အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခင်မောင်ထွန်းက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာအကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကျောင်းအတွက်အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ယင်းနောက် ကျောင်းသူကျောင်းသားများသည် ခရိုင်ပြန်/ဆက် ဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့အထိမ်း အမှတ် သိမှတ်ဖွယ်ရာ နံရံကပ်စာစောင်မှတ်တမ်းဓါတ်ပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်းသိရသည်။
ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)