ဝါးခယ်မ ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မိုးစပါး စိုက်ခင်းများအား (၁)ဧက (၁၀)တင်းပိုထွက်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းနှင့် အောက်သက္ကယ်ကျေးရွာ ဆရာတော်ထံ ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် အဖွဲ့ဝင်များမှ စံပြရွာသစ်ကျေးရွာ၊ တလိုင်းစုကျေးရွာ၊ အောက်သက္ကယ်ကျေးရွာများသို့ မိုးစပါး(၁)ဧက (၁၀)တင်းနှုန်း ပိုမိုထွက်ရှိရေး ကွင်းဆင်းဆောင်ရွက်၍ မိုးစပါး စိုက်ခင်းများ ပိုမိုစိုက်ပျိုးစေရေး၊ အထွက်ကောင်းမျိုးများ စိုက်ပျိုးစေရေး တောင်သူများအား မျိုးကောင်းစပါများကို နည်းမှန် လမ်းမှန်စိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့ပြီး အောက်သက္ကယ်ဆရာတော်ထံ ဝါဆိုသင်္ကန်း သွားရောက်ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)