သတင်းများ

တိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင်ကျင်းပသည့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲတက်ရောက်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာတွင် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနား (ဒုတိယနေ့)အဖြစ် ကျင်းပသည့် ပို့ကုန်နှစ်ဆတိုးမြှင့်ရေး စားပွဲဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အခြေခံပညာအလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ စာဖြေဆိုနေမှုများကို လိုက်လံကြည့်ရှု
Mar 04,2025
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာမူလတန်းအဆင့် (Grade-5) နှင့် အလယ်တန်းအဆင့် (Grade-9) ပြီးမြောက်မှုစာမေးပွဲများကို မတ်လ ၃ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာစာစစ်ဌာနများတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး မတ်လ ၃ ရက်နေ့ နံနက်ပိုင်းက စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြင့် စာဖြေဆို နေမှုများကို လိုက်လံကြည့်ရှုခဲ့သည်။
ကွန်ဟိန်းမြို့၌ Mobile Library စနစ် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်း ဆောင်ရွက်
Mar 04,2025
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ပြည်သူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများ တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတများ တိုးတက်လာစေရန်အတွက် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ကွင်းဆင်းငှားရမ်းခြင်းကို ယနေ့မွန်းလွဲ ၂ နာရီခန့်က လူမှုဝန်ထမ်းဦးစီးဌာနရုံးသို့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။
လိပ်သိုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အမှတ် (၂) ရပ်ကွက်သို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Mar 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေး Mobile စနစ်ဖြင့် စာအုပ်/ စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက လိပ်သိုမြို့ အမှတ်(၂) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ (၁/၂ဝ၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 04,2025
မွန်ပြည်နယ်အစိုးရအဖွဲ၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ၊ စားသုံးသူရေးရာဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း၊မုန့်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး အများပြည်သူများအတွက် စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊ ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးနေခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။
သာပေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာ့ရိုးရာသနပ်ခါးအကြောင်း သိကောင်းစရာ ဟောပြောပွဲကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် မြန်မာ့ရိုးရာသနပ်ခါးအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုဒေသတွင် ခရမ်းချဉ်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုး
Mar 04,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိမိတို့၏ အိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများ၊ တောင်ယာများနှင့် လယ်ယာများတွင် မိသားစု အထောက်အကူပြုစေရန်အတွက် စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော ခရမ်းချဉ်ပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြကြောင်း သိရသည်။
ဂန့်ဂေါမြို့၌ မူးယစ်ဆေးဝါးနှင့် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေး မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေး
Mar 04,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် တရားမဝင်ပစ္စည်းများ သယ်ဆောင်မှုမရှိစေရေးအတွက် မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များအား စစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီမှ ၁၁ နာရီထိ မြောက်ကုန်းရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် ခရိုင်ပြည်သူ့ဆေးရုံကြီးရှေ့လမ်းမပေါ်တွင် စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။