လပွတ္တာ ဇူလိုင် ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က လပွတ္တာခရိုင်၊ (၃)မိုင်မြို့ ပန်းပဲတောင်ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းတွင် ကျင်ပပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစံရင်မော်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့်အဖွဲ့များ၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဝင်းနိုင်နှင့် မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံပြည်သူများက မန်ဂျန်ရှား (၁၀၀)ပင်၊ ခရေ (၅၀)ပင်၊ ငုရွှေဝါ (၅၀)ပင်၊ ကံ့ကော်(၅၀)ပင်၊ စိန်ပန်း(၁၀၀)ပင် စုစုပေါင်းပျိုးပင်ပေါင်း (၃၅၀) ပင်ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)