မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော် အန္တိမအဂ္ဂိစျာပနအခမ်းအနား ကျင်းပ
Jul 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့၌ ဘဝနတ်ထံပျံလွန်တော်မူသွားသော မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် နန်းဖတ်ခုမ်စေတီကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ သက်တော် (၈၁) နှစ်၊ ဝါတော် (၄၄) ဝါ အန္တိမအဂ္ဂိစျာပနတရားတော်နာရေစက်ချအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက အဆိုပါနန်းဖတ်ခုမ်စေတီကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။