မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲကျင်းပ

မင်းဘူး ဇူလိုင် ၁၉

၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ ယနေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့‌ နေ့လယ်ပိုင်းက မင်းဘူးမြို့ ခ.လ.ရ (၈၈) အခြေပညာအလယ်တန်းကျောင်း (ခွဲ) ၌ ကျင်းပသည်။

ရှေးဦးစွာ ခ.လ.ရ (၈၈) အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)မှ ကျောင်းအုပ်ဆရာကြီး ဦးသန်းထွန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများ၏ အထ္ထုပ္ပတ္တိများအား အသိပညာပေး ဟောပြောသည်။

ထို့နောက် မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြသူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက လေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ သိကောင်းစရာများ၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးသုံးစွဲမှု၏ ဆိုးကျိုးများနှင့် လူကုန်ကူးမှုအကြောင်း သိကောင်းစရာတို့ကို ရှင်းလင်းပြောကြားကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် အာဇာနည်နေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)