တာချီလိတ် ဇူလိုင် ၁၉
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ယနေ့ ၁၀ နာရီ ၃၇ မိနစ်က ဥဩဆွဲ၍ တစ်မိနစ်ငြိမ်သက် အလေးပြုခြင်းကို မီးသတ်ဦးစီးဌာန၊ မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည် ရေး တံတားအနီး အဝိုင်းပတ်နှင့် အမှတ် (၂) တံတား မီးပွိုင့်အနီးတို့တွင် ပြုလုပ်သည်။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် အာဇာနည် ၉ ဦး လုပ်ကြံခြင်းခံရပြီး အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးသွားသည့် ဇူလိုင်လ ၁၉ ရက်နေ့ကို အာဇာနည်နေ့အဖြစ် နှစ်စဉ် ကျင်းပခြင်းဖြစ်သည်။
ထို့အတူ တာချီလိတ်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ လူမှုရေးအသင်းအဖွဲ့များတွင်လည်း ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နိုင်ငံတော်အလံများကို တစ်ဝက်လွှင့်ထူထားလျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)