သတင်းများ

လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲကျင်းပ
Jul 19,2025
၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့‌နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာအခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပသည်။
ရွှေသောင်ယံမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ
Jul 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ယမန်နေ့ညနေ(၃)နာရီအချိန်က ဇူလိုင်လ(၁၉)ရက် ယနေ့တွင်ကျရောက်သည့် အာဇာနည်နေ့အထိမ်းအမှတ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်သည်။
ငါးသိုင်းချောင်းမြို့တွင် ကြက်ခြေနီအသင်းခွဲငယ်မှ ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲ ကျင်းပ
Jul 19,2025
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရေကြည်မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ငါးသိုင်းချောင်းမြို့ ကြက်ခြေနီအသင်းခွဲငယ်မှ ဦးစီးကျင်းပသော ရှေးဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁း၃၀) အချိန်က ငါးသိုင်းချောင်းမြို့ အ.လ.က (ခွဲ) မြို့သစ်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်
Jul 19,2025
မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ  ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
မြစ်သားမြို့နယ်တွင် (၁၄)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲ အခမ်းအနား ကျင်းပ
Jul 19,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။        
ချောက်မြို့၌ (၇၈)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်
Jul 19,2025
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းတို့တွင် ကျင်းပခဲ့သည်။
လှည်းကူးမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (သီတာအေး)၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 19,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာ မူလတန်းလွန်ကျောင်း(သီတာအေး)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် မီးသတ်တပ်ဖွဲ့စခန်းများက ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများပြုလုပ်
Jul 19,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်(စနေနေ့)တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်းနှစ်ခုမှ  နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က ဥဩဆွဲခြင်းနှင့်အလေးပြုခြင်းများ   တစ်ပြိုင်တည်းပြုလုပ်ဆောင်ရွက်ခဲ့သည်။