မိုးညို ဇူလိုင် ၁၉
၂၀၂၅ ခုနှစ်၊ ဇူလိုင် (၁၉)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ဝမ်းနည်းခြင်း အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းနှင့် နယ်မြေစခန်းသုံးခုတို့မှ နံနက် (၁၀)နာရီ (၃၇) မိနစ်အချိန်က ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများ တစ်ပြိုင်တည်းပြုလုပ်ခဲ့ ကြောင်းသည်။
အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသက်ဇော်၏ ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသော အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုတစ်မိနစ်ငြိမ်သက်ခြင်းနှင့် မီးသတ်ကားဥဩဆွဲခြင်းများ ဆောင်ရွက်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးဌာနများတွင်လည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူ ဆောင်ရွက်ထားကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)