မြောင်းမြမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ဆောင်ရွက်

မြောင်းမြ ဇူလိုင် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်များ၌ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းလုပ်ငန်းများအား မြောင်းမြခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းနိုင်ဦးနှင့် ဦးစီးအရာရှိ ဦးဇော်မင်း ဦးဆောင်သော ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ UPT & SON စက်သုံးဆီဆိုင်၌ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေး၊ မီးသတိရှိစေရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြောင်းမြ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူများ မီးပေါ့ဆမှုမရှိစေရေးနှင့် မီးလောင်ဆုံးရှုံးမှုများ မဖြစ်ပေါ်စေရေးအတွက် မီးသုံးစွဲရာတွင် သတိပြုရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်း မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် လှည့်လည်၍ အပါတ်စဉ် လှုံ့ဆော်သတိပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇေယျာ(မြောင်းမြ)