ကြံခင်းမြို့နယ်၌ Grade - 9 နှင့် Grade – 5 နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအသီးသီးမှ Grade-9 နှင့် Grade-5 ကျောင်းသား၊ ကျောင်းသူများမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် နှစ်ဆုံးတတ်မြောက်မှု စာမေးပွဲများကို ယနေ့ နံနက်က စတင်၍ ပထမစာဖြေနေ့အဖြစ် မြန်မာစာဘာသာရပ်ကို စာဖြေဌာနအသီးသီးတို့၌ ဖြေဆိုလျက်ရှိကြကြောင်း သိရသည်။