သတင်းများ

မဟာအောင်မြေမြို့နယ် မဟာနွယ်စဉ်ရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွား
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁×၇၂ လမ်းကြား၌ ဇူလိုင် ၁၉ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လုပ်ငန်းဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆောင်ရွက်လုပ်ကိုင်လျက်ရှိသည့် လုပ်ငန်းများ ပြီးမြောက်မှုအခြေအနေတို့အား ယမန်နေ့ နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အထူးပြပွဲတွင် ရဟန်းရှင်လူပြည်သူနှင့် ကျောင်းသား/ကျောင်းသူများဖြင့် အထူးစည်ကား
Jul 20,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို (၁) ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင်နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက်လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ်လိုက်လံရှင်းပြခဲ့ကြသည်။
လယ်ဝေးမြို့နယ်တွင် ၂၀၂၅-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ၊ ရာသီပြည့်သီးနှံများ စိုက်ပျိုးနိုင်ရေးနည်းစနစ်များ တွေ့ဆုံဆွေးနွေး
Jul 20,2025
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ မြို့နယ်အားကစားကွင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့ နံနက်ပိုင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၅-ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပရာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး တက်ရောက်၍ ရတနာတန်းဝင်ကျွန်းပင် စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ် ပျံချီ စက်မှုစိုက်ပျိုးမွေးမြုရေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
Jul 20,2025
ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်စေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ဇူလိုင်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ပျံချီ‌ကျေးရွာ၊ စက်စိုက်မွေး အထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပခဲ့သည်။
မှော်ဘီမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းအခြေခံပညာအထက်တန်းကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်(၁)နာရီ အချိန်တွင် မှော်ဘီတပ်ကြီးကုန်း အ.ထ.ကခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် ပြင်ဉီးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Jul 20,2025
၂၀၂၅ခုနှစ်၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလားအသင်းပေါင်းစုံ (အမျိုးသား) အသက် (၂၅) နှစ်အောက် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့် ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၁၈ ရက်နေ့ ညနေ (၃) နာရီက ပြင်ဦးလွင်ခရိုင် အားကစားကွင်းအတွင်းရှိ အားကစားခန်းမ (၁) ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အားကစားမှူး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့်‌ ဖူဆယ်ဘောလုံးဝါသနာရှင်များ တက်ရောက်အားပေးကြသည်။
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ကော့သောင်းမြို့ (‌၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့သွားရောက်၍ လိုအပ်သည်များ လမ်းညွှန်မှာကြား
Jul 20,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်လှိုင်သည် လူမှုရေးရာဝန်ကြီး ဦးသက်နိုင်၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့်အတူ ကော့သောင်းမြို့ (‌၃)မိုင်အဝေးပြေးယာဉ်ရပ်နားစခန်းသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။