သတင်းများ

နောင်ချိုမြိုနယ်၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကျင်းပ
Aug 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ယူရီးယားဓါတ်မြေဩဇာ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော် စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာ အခါတော်နေ့) သီလခံယူပွဲများ၊ နေ့အထူးတရားပွဲနှင့်စည်ကား
Aug 02,2023
ရှေးဟောင်းသမိုင်းဝင် ဆံတော်ခြောက်ဆူကိန်းဝပ်တော်မူသော ဆံကေသဓာတု ရွှေဆံတော် စေတော်မြတ်ကြီးတွင် ၁၃၈၅ ခုနှစ် ဒုတိယဝါဆိုလပြည့်(ဓမ္မစကြာအခါတော်နေ့) ရွှေဆံတော် ဂေါပကအဖွဲ့ကကျင်းပသော ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်၌ အထူးတရားပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ကချင်ပြည်နယ်ရှိ အကျဉ်းထောာင်/အချုပ်ထောင် အသီးသီးမှ အကျဉ်းသား/သူ(၁၇၅)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Aug 02,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ အရ ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှ အကျဉ်းသား (၁၆၀)ဦး၊ အကျဉ်းသူ (၁၅)ဦး စုစုပေါင်း (၁၇၅)ဦးအား သြဂုတ်လ ၁ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရ သည်။
ဝါဆိုလပြည့်(ဓမ္မစင်္ကြာအခါတော်နေ့)တွင် မဟာမုနိဘုရားကြီး၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ
Aug 02,2023
မြန်မာသက္ကရာဇ် ၁၃၈ ၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)တွင် ချမ်းမြသာစည် မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးသို့ မန္တလေးမြို့ပေါ်ရှိ မိဘပြည်သူများ၊ ရပ်ဝေးရပ်နီးမှ ပြည်သူများ လာရောက်၍ ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊
ခန္တီးမြို့အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား/သူ (၁၄)ဦး အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Aug 02,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဩဂုတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီခွဲ အချိန်ခန့်က ခန္တီးအကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံလျှက်ရှိသည့် အကျဉ်းသား ကျား(၁၃)ဦးနှင့်မ(၁)ဦး စုစုပေါင်း(၁၄)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်နှင့်အညီ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် (၅၁/၂၀၂၃)ဖြင့် ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။
လားရှိုးမြို့အဝင် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦးစေတီတော်ဘုရားပရဝုဏ်အတွင်း   မိုးရာသီ စုပေါင်းသစ်ပင်စိုက်
Aug 02,2023
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်စေရန်နှင့်ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသ ရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊လားရှိုးမြို့အဝင်ရှိ ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော် ဘုရားဝန်းအတွင်းတွင် ယနေ့ နံနက်ပိုင်းက မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
သံတွဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်ထုတ်ပြန်
Aug 02,2023
သံတွဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းအတွင်း ချောင်းရေများစိုးရိမ်‌ရေအမှတ်ထက်မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွါးလာနိုင်သဖြင့် အနိမ့်ပိုင်း‌ဒေသရှိပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ချက်များကို မြို့အတွင်း လှည့်လည်ဆော်ဩလျက်ရှိကြောင်းသိရသည်။
ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်းခြံစည်းရိုးနှင့် လူနေအိမ် (၁) လုံးပျက်စီး
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ယနေ့ ညနေ(၄)နာရီ အချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ပြိုလဲကာ ပိုင်ရှင် ဦးကျော်သူ၏ အလျား(၁၅)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၃)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးနေအိမ်မှ မိသားစုဝင် များအား ကျေးရွာတာဝန်ရှိသူများမှ နီးစပ်ရာဆွေမျိုးများ ထံတွင် ခေတ္တ နေထိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သိရသည်။