ပေါင်မြို့နယ်တွင် အကျဉ်းစခန်း(၃)ခုမှ အကျဉ်းသား(၅၃)ဦး လွတ်ငြိမ်းခွင့်ပြု
Aug 02,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သော ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ပေါင်မြို့နယ် အကျဉ်းစခန်း(၃)ခုတို့မှ အကျဉ်းသား (၅၃)ဦးအား ယမန်နေ့ နေ့လယ်ပိုင်းက လွတ်ပေးခဲ့သည်။