ဝါဆိုလပြည့်(ဓမ္မစင်္ကြာအခါတော်နေ့)တွင် မဟာမုနိဘုရားကြီး၌ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိ

ချမ်းမြသာစည်  ဩဂုတ် ၁

မြန်မာသက္ကရာဇ် ၁၃၈ ၅ခုနှစ်၊ ဒုတိယဝါဆိုလပြည့် (ဓမ္မစင်္ကြာအခါတော်နေ့)တွင် ချမ်းမြသာစည် မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးသို့ မန္တလေးမြို့ပေါ်ရှိ မိဘပြည်သူများ၊ ရပ်ဝေးရပ်နီးမှပြည်သူများ လာရောက်၍ ဘုရားကြီးအား ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများဖြင့် ဆက်ကပ်လှူဒါန်းခြင်း၊ ဂြိုလ်ပြေနံပြေ ဘုရားများကို ရေသပ္ပာယ်ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း၊ ငါးစာကျွေးခြင်းစသည့် ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားလျက်ရှိကြောင်း သတင်းရရှိသည်။

ကျော်စွာသိန်း (ချမ်းစည်)