သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ဝါဆိုလပြည့် (ဓမ္မစကြာနေ့) စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပွဲ အခမ်းအနားကျင်းပ
Aug 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၇)ရပ်ကွက်တွင် တည်ထားကိုးကွယ်တော်မူသော သမိုင်းဝင်ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် နှစ်စဉ်ကျင်းပမြဲ ဖြစ်သော (၁၂)လရာသီပွဲတော်များအနက် ၁၃၈၅ ခုနှစ်၊ ဝါဆိုလပြည့်နေ့(ဓမ္မစကြာနေ့) စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲ အခမ်းအနားကို ကျင်းပခဲ့ရာ ဝါဆိုလပြည့်အဖိတ်နေ့တွင် မြို့နယ်အတွင်းရှိ ဝတ်အသင်းများမှ ဝတ်အသင်း(၇)ဖွဲ့တို့မှ မွန်းတည့် ၁၂ နာရီမှ ညနေ ၆ နာရီအထိ ဓမ္မစကြာတရား ဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။