သရက်အကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူ ၁၂၉ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ရရှိ
Aug 02,2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ ဖြင့် ၁၃၈၅ခု နှစ်၊ ဒုတိယဝါဆိုလပြည့်နေ့တွင် ကျရောက်သည့် ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ(၇၇၄၉)အား ရာဇသတ်ကြီးကျင့်ထုံးဉပဒေ ပုဒ်မ၄၀၁ ပုဒ်မခွဲ(၁)အရ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိရာ သရက်အကျဉ်းထောင်မှ အကျဉ်းသားအကျဉ်းသူ(၁၂၉)ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိကြောင်း သိရသည်။