သတင်းများ

သံတွဲမြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပေးချက်ထုတ်ပြန်
Aug 02,2023
သံတွဲမြို့တွင် ၂၀၂၃ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့ နံနက်မှစတင်၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲချောင်းအတွင်း ချောင်းရေများစိုးရိမ်‌ရေအမှတ်ထက်မြင့်တက်လာမှုကြောင့် ရေကြီးမှုများ ဖြစ်ပွါးလာနိုင်သဖြင့် အနိမ့်ပိုင်း‌ဒေသရှိပြည်သူများ ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ နေထိုင်ကြရန် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ချက်များကို မြို့အတွင်း လှည့်လည်ဆော်ဩလျက်ရှိကြောင်းသိရသည်။
ဘိုကလေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စာသင်ကျောင်းခြံစည်းရိုးနှင့် လူနေအိမ် (၁) လုံးပျက်စီး
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဇင်ငူကျေးရွာအုပ်စု၊ အုန်းပင်စုကျေးရွာတွင် ယနေ့ ညနေ(၄)နာရီ အချိန်ခန့်၌ မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှု ကြောင့် သစ်ပင်ပြိုလဲကာ ပိုင်ရှင် ဦးကျော်သူ၏ အလျား(၁၅)ပေ၊ အနံ(၁၅)ပေ၊ အမြင့်(၁၃)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနေအိမ် ပြိုကျပျက်စီးခဲ့ကြောင်းနှင့် ပျက်စီးနေအိမ်မှ မိသားစုဝင် များအား ကျေးရွာတာဝန်ရှိသူများမှ နီးစပ်ရာဆွေမျိုးများ ထံတွင် ခေတ္တ နေထိုင် ရန် စီစဉ်ဆောင်ရွက်ထားရှိပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံမြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု‌ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများ စုပေါင်း၍လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Aug 02,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးရှိ အစည်းဝေးခန်းတွင်မြို့နယ်ရှိ ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်စု‌အုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများစုပေါင်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ (၂း၃၀) အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူ များသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေး
Aug 02,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများသည် ဇူလကျေးရွာတွင် မိုးစပါးပျိုးခင်းအား ဓာတ်မြေဩဇာကြဲပက်နေမှုနှင့် မြေပြုပြင် ထွန်ယက်နေမှုများအား ယနေ့ညနေပိုင်းက မြေပြင်ကွင်းဆင်း လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ပင်းတယ၌ သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကျင်းပ
Aug 02,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော သီးနှံအခြေခံ ယို၊ ဖျော်ရည်အမျိုးမျိုးနှင့် သီးနှံခြောက်တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဇူလိုင် လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အဆင့်ရုံး(ပင်းတယ)၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
လိပ်သိုမြို့ အ.ထ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူ များအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေး
Aug 02,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ဒုတိယအကြိမ် Sino Pharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ဝါဆိုလပြည့်နေ့တွင် ဘိုကလေးမြို့နယ်ရှိ ရန်ပြေမာန်ပြေ အောင်စကြာစေတီတော်မြတ်ကြီးတွင် ဘုရားဖူးပြည်သူများဖြင့်စည်ကား
Aug 02,2023
ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်သည့် ဝါဆိုလပြည့် ဓမ္မစကြာနေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ကျက်သရေဆောင် ရန်ပြေမာန်ပြေ အောင်စကြာ သမိုင်းဝင်စေတီတော်မြတ်ကြီးတွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် စည်ကားသည်။
 ဗိုလ်တထောင်စေတီတော်၌ မိခင်တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးသမားတော်များ စုပေါင်း၍ ဆေးဝါးလှူရ-မြတ်ဒါန အခမ်းအနားကျင်းပ
Aug 02,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ရှင် စေတီတော်ရင်ပြင်ပေါ်၌ ဂေါပကအဖွဲ့၏ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မိခင်တိုင်းရင်းဆေးဝါး ထုတ်လုပ်ရေးနှင့် တိုင်းရင်းဆေးသမားတော်များ စုပေါင်း၍ ဆေးဝါးလှူရ-မြတ်ဒါန အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။