မြစ်ကြီးနား သြဂုတ် ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် ၅၁/၂၀၂၃ အရ ကချင်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်/အချုပ်ထောင်အသီးသီးမှ အကျဉ်းသား (၁၆၀)ဦး၊ အကျဉ်းသူ (၁၅)ဦး စုစုပေါင်း (၁၇၅)ဦးအား သြဂုတ်လ ၁ ရက်နေ့တွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရ သည်။
အဆိုပါ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများမှာ မိုးညှင်းဗဟိုထောင်မှ အကျဥ်းသား(၃၂)ဦး၊ မြစ်ကြီးနားအကျဥ်းထောင်မှ အကျဥ်းသား(၈၂)ဦး၊ အကျဥ်းသူ (၁၄)ဦး၊ ဗန်းမော်ထောင်မှ အကျဥ်းသား(၃၀)ဦး၊ အကျဥ်းသူ (၁)ဦး၊ ပူတာအိုအကျဥ်းထောင်မှ အကျဥ်းသား(၇)ဦး၊ မလိခ (ပီတောင်)အလုပ်စခန်းမှ အကျဥ်းသား(၈)ဦး၊ ဒွန်ဘန်အလုပ်စခန်းမှ အကျဥ်းသား(၁)ဦး စုစုပေါင်း (၁၇၅)ဦးဖြစ်သည်။
ထိုသို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသူများအား တာဝန်ရှိသူများက ဆုံးမသြဝါဒများ ပြောကြားခြင်းနှင့် လွတ်လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရ သည်။
မျိုးမြင့်စိုး(ပြန်/ဆက်)