သတင်းများ

ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းကျန်းမာရေး လှုပ်ရှားမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Aug 02,2023
ရန်ကုန်တိုင်း‌ဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူကလေးများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး ရည်ရွယ်၍ ကျောင်းကျန်းမာရေး လှုပ်ရှားမှုအဖြစ် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေး အသိပညာပေး ဟောပြောခြင်း နှင့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းကို ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အတွင်းရှိ အမှတ်(၂)အခြေခံပညာအထက်တန်း မူလတန်းကျောင်းခွဲတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများမှ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဗန်းမော်မြို့၊ အ.ထ.က(၅)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ
Aug 02,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဩဂုတ် ၂ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အင်္ဂပူမြို့နယ်တွင် ဟင်္သာတအကျဉ်းထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၂၈ ဦး လွတ်မြောက်
Aug 02,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့ ‌ညနေပိုင်းက အင်္ဂပူမြို့နယ်မှ ဟင်္သာတမြို့၊ အကျဉ်းဦးစီးဌာနရှိ ဟင်္သာတအကျဉ်းထောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်(၅၁/၂၀၂၃) အရ ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များက တွေ့ဆုံ ဆုံးမစကားများ ပြောကြားခဲ့သည်။
မိတ္ထီလာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲကျင်းပမည်
Aug 02,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် မြို့နယ်အုပ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ကျေးရွာပေါင်းစုံအမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ်လ ၃ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဋ္ဌ ထံက  သိရသည်။
ဝါတွင်းကာလသို့ ရောက်ရှိပြီဖြစ်၍ တာမိုးညဲမြို့တွင် လစဉ်အပတ်စဉ် ဆွမ်းဆန်လောင်းလှူပွဲ စဉ်ဆက်မပျက်ကျင်းပ
Aug 02,2023
ဝါတွင်းကာလသို့ရောက်ရှိပြီဖြစ်၍ မြန်မာတို့၏ ထုံးတမ်းအစဉ်အလာအရ အသံမစဲပဌာန်းရွက် ဖတ်ပူဇော်ပွဲများ၊ ဝါဆိုသင်္ကန်းကပ်လှူ ပူဇော်ပွဲများနှင့် လစဉ်အပတ်စဉ် လပြည့်၊ လကွယ်နေ့တိုင်း အမြို့မြို့အနယ်နယ်တွင် ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်လောင်းလှူပွဲများကို ကျင်းပဆောင်ရွက် လျက်ရှိကြရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ တာမိုးညဲမြို့တွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးဆောင်ရွက်ခဲ့ပြီး ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံစေတနာ့ရှင် အလှူရှင်များ စုပေါင်း၍ ယမန်နေ့ ညနေ(၃:၃၀)အချိန်က ဆွမ်းဆန်လောင်းလှူပွဲ ကျင်းပဆောင်ရွက်ခဲ့ပါသည်။
ကလေးမြို့တွင် တန်ဖိုးသင့်အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး
Aug 02,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရန်အတွက် တန်ဖိုးသင့် အခြေခံစားသောက်ကုန်များအား ယနေ့နံနက်ပိုင်းက တပ်ဦးသီတာရပ်ကွက်၊ ကားကြီးဝင်းအနီးတွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။
မိုင်းရယ်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါးနှင့် အခြားသီးနှံစုံ ၅၅၆၅၆ ဧက စိုက်ပျိုးထုတ်လုပ်မည်
Aug 02,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်၌ ယခုနှစ်မိုးရာသီတွင် ဆည်ရေသောက်၊ မိုးကောင်းသောက်၊ ဒေသအလိုက် သဘာဝချောင်းများတွင် ဒေသကျောက်ဖြည့် မျှောရိုက်ဆည်စနစ်များဖြင့် မိုးစပါးနှင့်အခြားသီးနှံစုံ ၅၅၆၅၆ ဧကကို စိုက်ပျိုးထုတ်လုပ်ရန် လျာထားဆောင်ရွက်ထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၌ ကျဉ်းမြောင်းနေသည့် မူလ(၁၂)လမ်းအကျယ် လမ်းပိုင်းနေရာအား (၁၈)ပေအကျယ်အထိ ကတ္တရာတိုးချဲ့ခင်းပေး
Aug 02,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသထွက်ကုန်များနှင့် အခြားလူသုံးကုန်ပစ္စည်းများ သယ်ယူရာတွင် အချိန်တိုအတွင်း လွယ်ကူမြန်စွာသယ်ယူနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများ ဖွံ့ဖြိးတိုးတက်စေရန်အတွက် ကျောက်ဆည်မြို့နယ် လမ်းဦးစီးဌာနမှ ဘဏ္ဍာနှစ်အလိုက် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၌ ကုန်စည် စီးဆင်းမှု မြန်ဆန်ရေ ပြည်ထောင်စု ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် အမှတ်(၂) ခရိုင်ချင်းဆက်လမ်း၌  ကျဉ်းမြောင်းနေ့သည့် မူလ(၁၂)အကျယ်လမ်းပိုင်းနေရာအား (၁၈)ပေ အကျယ်အထိ ကတ္တရာတိုးချဲ့ ခင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။