မြင်းခြံ ဩဂုတ် ၃
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12(သင်ရိုးသစ်) ခရိုင်အဆင့် ဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီ အချိန်မှစ၍ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
"မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များရှိ ဆရာ/ဆရာမများ အနေဖြင့် ကျောင်းသားလူငယ်များ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများကို ဆရာ/ဆရာမ များက သင်ရိုးသစ် သင်ရိုးညွှန်းတမ်း သင်ကြားသင်ယူမှု ဘောင်အတွင်းမှ ရရှိအောင် ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတော်မှ လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်များနှင့် ယခုလို ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ပါတယ်" ဟု မြင်းခြံခရိုင် ပညာရေးမှူး ဦးအုန်းလှိုင်က ပြောသည်။
အဆိုပါ ဆင့်ပွားသင်တန်းသို့ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များမှ ဆရာ/ဆရာမ (၂၇၆) ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကို ဩဂုတ်လ (၂) ရက်နေ့မှ (၇) ရက်နေ့ အထိ (၆) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)