မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ပုံမှန်ကာကွယ်ဆေး ထိုးနှံ

မိုးနဲ သြဂုတ် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၌ ယနေ့နံနက် ၈ နာရီအချိန်က စတင်ကာမွေးစမှ အသက် ၁ နှစ်ခွဲနှင့်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးကို လစဥ် ၃ ရက်နေ့၌ ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုးနှံပေးရာတွင်လည်း မွေးစမှအသက် ၁ နှစ်ခွဲနှင့်အောက် ကလေးငယ်များအား လအလိုက် ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ)၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေးနှင့် တိုက်ဆေး၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသားဝါ(ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများကို မြို့ပေါ် (၅) ရပ်ကွက်နှင့် ကျေးရွာနေပြည်သူများက မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန စုရပ်နေရာ၌ ထိုးနှံလျက်ရှိကြောင်းနှင့် (၉)နှစ်နှင့် (၁၀)နှစ်အရွယ် အမျိုးသမီးငယ်များကိုပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။

ဇင်ကိုကို(ပြန်/ဆက်)