နတ်မောက် ဩဂုတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် နတ်မောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးရှေ့တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်ရောင်းဝယ်သူများမှ ပြည်သူများ သက်သာချောင်ချိရေးအတွက် ယနေ့နံနက် ၇ နာရီအချိန်က အခြေခံစားသောက်ကုန်များကို ရောင်းချပေးခဲ့သည်။
အဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချရာတွင် ပြည်သူတို့၏ လူမှုစီးပွားဘဝ အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်တစ်ပြည်(၂၅၀၀)ကျပ်၊ ပဲဆီတစ်ပိဿာ(၇၀၀၀)ကျပ်၊ အမဲသား(၁)ပိဿာလျှင်(၁၀၀၀၀)ကျပ်၊ ကြက်ဉတစ်လုံး(၂၀၀)ကျပ်၊ ကြက်သွန်နီတစ်ပိဿာလျှင် (၂၀၀၀)ကျပ်၊ ဆား(၁)ပိဿာ(၃၀၀)ကျပ်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ပြောင်းဖူး၊ ဂေါ်ရခါးညွန့်စသည့် ဟင်းသီးဟင်းရွက်များကို အိမ်ထောင်စု(၁၇၀)အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ ပြန်/ဆက်ဦးစီးဌာနမှ ဝန်ထမ်းများမှ ဈေးနှုန်းချိုသာစွာဖြင့် တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
လှဝင်း