ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစု ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ကျောက်ပန်းတောင်း ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစု၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို၊ ယနေ့နံနက်(၁၀)နာရီက စံပြရက်ကွက်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ယာယီဖွင့်လှစ်ထားသည့် မြို့နယ်ပညာရေးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မော်မော်နှင့် ပညာရေးဝန်ထမ်းများက၊ ဘဒ္ဒန္တသူရိယအမှူးပြုသည့် သံဃာတော် အရှင်သူမြတ် ၅ ပါးတို့အား ပင့်ဖိတ်၍ ဘဒ္ဒန္တသူရိယ (အုတ်သျှစ်ကုန်းကျောင်း)ဆရာတော်ထံမှ (၈)ပါးသီလ ခံယူဆောက်တည်ကြပြီး၊  အနုမောဒနာတရားများ နာကြားကြကာ၊ ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်း၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှအတန်းပေးဝေကြသည်။ ယင်းနောက် မြို့နယ်ပညာရေးမှူးဒေါ်မော်မော်နှင့် ဒုတိယမြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးများက သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)