သီးနှံမျိုးစုံ(၁၀၀၀)ဧက စိုက်ပျိုးရေများ ပြည့်ဝစွာ ပေးဝေနိုင်ရေးနှင့် မြောင်းကြံ့ခိုင်မှု ရေရှည်တည်တံ့ခိုင်မြဲရေး တလိုင်းမြောင်း၌ မြောင်းကြမ်းပြင်များနှင့် ကျောက်ဆလံများ ပြန်လည် ပြုပြင်ပေး

ကျောက်ဆည် ဩဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၁၀၀၀)ဧက စိုက်ပျိုးရေများပြည့်ဝစွာ ပေးဝေနိုင်ရေးနှင့် မြောင်ကြံ့ခိုင်မှု ရေရှည်တည်တံ့ခိုင်မြဲရေး တလိုင်းမြောင်း၌ မြောင်းကြမ်းပြင်နှင့် ကျောက်ဆလံများ ပြည်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

တလိုင်းမြောင်း၏ မြောင်းကြမ်းပြင်နှင့် ကျောက်ဆလံများ ပြည်လည်ပြုပြင်ခြင်းကို မြောင်း၏ ပေတိုင်အမှတ် (၈+၀၀၀)ပေ ရဲကြီးကျေးရွာအနီး ရန်ကုန်-မန္တလေး ကားလမ်းကြီးဖြတ်သန်းသည့် အထက်ပိုင်း တွင် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၁၇.၀၀၀) ကျပ်သန်း အကုန်အကျခံကာ မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူ၍ အရှည်(၅၀၀)ပေ၊ ဆလံအမြင့်(၄)ပေခွဲ၊ အကျယ်(၁)ပေခွဲဖြစ်ကြောင်းနှင့် ယခင်ပြုလုပ်ခဲ့သည့် ကျောက်စီကြမ်းခင်းနှင့် မြောင်းဘောင်ဆလံများသည် နှစ်ကာလ ကြာမြင့်ပြီး စိုက်ပျိုးရေများ ပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှုများရှိပြီး မြောင်းဘောင်ပျက်စီးမည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် ပြန်လည်ပြုပြင်ခြင်းဖြစ်ကြောင်း မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ  သိရသည်။

တလိုင်းမြောင်းတွင် လိုအပ်လျက်ရှိသည့် မြောင်းကြမ်းပြင်နှင့် မြောင်းဘောင်နံရံကျောက်ဆလံများ ပြန်လည်ပြုခြင်းကြောင့် မြောင်ရေရှည်တည်တံ့ပြီး သီးနှံမျိုးစုံ(၁၀၀၀)ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေလေလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့်  အချိန်နှင့် တစ်ပြေးညီ ပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)