လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာန၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

လိပ်သို ဩဂုတ် ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ပေါ်/ရပ်ကွက်များနှင့် ကျေးရွာ အုပ်စုများရှိ အသက် (၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၉ နာရီ အချိန်က လိပ်သိုမြို့ တိုက်နယ် ကျန်းမာရေးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိပ်သိုမြို့ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကလေးငယ်များအား ကူးစက်ရောဂါ ဖြစ်ပွားခြင်းမှ ကာကွယ်ရန်၊ ကလးငယ်များအား ကိုယ်အလေးချိန် ချိန်ပေးခြင်း၊ ပိုလီယိုရောဂါ၊ မေးခိုင်ရောဂါ၊ ဦးနှောက်တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင် ရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါနှင့် ဝက်သက်ရောဂါတို့မှ  ကင်းဝေးစေရန် အသက် အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေေးခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ တိုက်နယ်ကျန်းမာရေးဌာနအနေဖြင့် အသက် (၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများကို လစဉ်ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)