ပင်းတယ ဩဂုတ် ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသက်(၁၀)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းလုပ်ငန်းကို ယနေ့နံနက်(၉)နာရီမှစတင်၍ ဆူးဗိုလ်ကုန်းရပ်ကွက်အတွင်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြတ်ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပင်းတယမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ချို ဦးဆောင်၍ ဝန်ထမ်းများက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား QR Code ပါသည့် ဂဏန်း (၁၀)လုံးပါသော Unique ID နံပတ်ပါ နံပါတ်ပြန်လည်ထုတ်ပေးလျက်ရှိကြောင်းနှင့် ပင်းတယမြို့နယ်တွင် လူတစ်ဦးချင်းစီ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူခြင်းလုပ်ငန်းကို ပထမဦးတည်အုပ်စုအဖြစ် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ အသက်(၁၀)နှစ်အထက် ကျောင်းသား/ကျောင်းသူများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ရဟန်းသံဃာများနှင့် သီလရှင်များ စုစုပေါင်း (၁၀၁၇၁)ဦးကို လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)