သတင်းများ

ဇမ္ဗူသီရိမြို့နယ်တွင် ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း
Aug 03,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ဇမ္ဗူသီရိမြို့နယ် အေးမြရွှေပြည်ကျောင်းတိုက်၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ တက်ရောက်ကြည်ညိုကြသည်။
မင်းလှမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်း(၁၀၂)ဧကစိုက်ပျိုးပြီးစီး
Aug 03,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၂၇)ထွန်စက်စခန်းမှ ကျေးရွာပြည်သူ(တောင်သူ)များ၏ ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ရန်နှင့် လယ်ယာလုပ်သားရှားပါးမှုကို ကူညီဖြေရှင်းပေးသည့်အနေဖြင့် ကောက်စိုက်စက်ဖြင့် ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းများကို ဇူလိုင်လဆန်းပိုင်းမှ ယနေ့အထိ စိုက်ပျိုးပေးခဲ့ရာ  ၁၀၂ ဧက စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် မွေးစမှ(၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ဆေးတိုက်ခြင်း ဆောင်ရွက်
Aug 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မွေးစမှ (၁)နှစ်ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းနှင့် ဆေးတိုက်ခြင်းကို ယနေ့ နံနက်(၉)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။
အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်များ ထောက်ပံ့ပေး
Aug 03,2023
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား‌ရေးဝန်ကြီးဌာနက တိုင်းဒေသကြီး ပြည်နယ်ခရိုင် မြို့နယ်များရှိ အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လစဉ်လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ပေးအပ်လျက်ရှိရာ ဩဂုတ် ၃ ရက်က ရေဦးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများထံ ထောက်ပံ့ငွေများ လွှဲပြောင်း‌ပေးအပ်ခဲ့ကြောင်း သိရသည်။
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး နည်းပညာတက္ကသိုလ်(မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား အားကစားပြိုင်ပွဲများ ဖွင့်လှစ်ပေး
Aug 03,2023
နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မိုးရာသီပါမောက္ခချုပ်ဖလား ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်နှင့် စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို သြဂုတ် ၂ ရက် ညနေ ၂ နာရီခွဲက အဆိုပါ တက္ကသိုလ်အတွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းပြုလုပ်
Aug 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးနှင့်‌လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီ အချိန်ခန့်က လိပ်အင်းရပ်ကွက်ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်တွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ဆွေးနွေးပွဲပြုလုပ်
Aug 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်(၁၀)နာအချိန်က ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ပြုလုပ် ခဲ့သည်။
ရန်ကုန်-ပြည် ကားလမ်းတွင် မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်
Aug 03,2023
ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးအတွက်  ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်ပင်ဆိပ်ကျေးရွာအနီး ရန်ကုန်-ပြည်ကားလမ်း မိုင်တိုင်အမှတ် ၁၁၂/၄ နှင့် ၅ ကြားတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။