သတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံပိုလျှံမှုရှိစေရေး မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများအား ကွင်းဆင်းစစ်ဆေး
Aug 03,2023
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတက်မြှင့်မားရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေ ၂ နာရီခွဲက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ကွင်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့၌ အခြေခံစားသောက်ကုန်များကို သက်သာ‌သောဈေးနှုန်းများဖြင့် ရောင်းချပေး
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဥ်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများမှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဥ၊ အသားနှင့် ဟင်းသီးဟင်းရွက်များကို ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးနှင့် ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ယနေ့နံနက်(၇)နာရီက တောင်ရပ်ကွက်တွင် ရောင်းချပေးခဲ့‌ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး
Aug 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)ဖြင့် မြို့နယ်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် ၉ နာရီမှစ၍ ခနောင်တိုအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံး ဝန်ထမ်းများမှ ဆောင်ရွက်ပေးလျက်ရှိသည်။
မက်မန်းမြို့နယ်တွင် လူငယ်ရေးရာ စကားဝိုင်းကျင်းပ
Aug 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေး၊ ဝိုင်းဖွဲ့ဆွေးနွေးအဖြေရှာတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ အတွေးအခေါ်၊ အယူအဆများမှန်ကန်စွာ ယူဆတတ်စေရေးနှင့် စာပေများရင်းနှီးကျွမ်းဝင်စေရန်အတွက် လူငယ်နှင့်စာဖတ်ရှိန်မြှင့်တင်ရေးစကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
သရက်ချောင်းမြို့နယ်၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေး
Aug 03,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိမွေးကင်းစမှ အသက် (၂)နှစ်အောက် ကလေးသူငယ်များအားကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်တိုက်ကျွေး/ထိုးနှံပေးလျက်ရှိသည်။
ကျောက်မဲမြို့တွင် (၉၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲ ကျင်းပ
Aug 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့‌၊ အမှတ်(၂)ရပ်ကွက်၊ ဈေးဓမ္မာရုံတွင် ယမန်နေ့က ကျောက်မဲခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ကျောက်မဲတပ်နယ်ရှိ တပ်မတော်မိသားစုဝင်များနှင့် မြို့ပေါ်ရပ်ကွက်များမှ အလှူရှင်များစုပေါင်း၍ ၉၂ ကြိမ်‌မြောက် ဝါဆိုသင်္ကန်း ကပ်လှူပူဇော်ပွဲကြီး ကျင်းပခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းသား/သူများ၏ ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ
Aug 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံးမှ  မြို့နယ်ဦးစီးမှူးဦးကျော်သူရနှင့်ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက် (Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကောင်းသီရိရတနာအခန်းမ၌  ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁)လုံးပျက်စီးမှုအား ထောက်ပံ့ပေးအပ်
Aug 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ညီနောင်ဖျားကျေးရွာအုပ်စု၊ ကံစု ကျေးရွာတွင် ယမန်နေ့ နေ့လယ်(၂)နာရီအချိန်၌ မိုးသည်းထန်းစွာ ရွာသွန်းပြီး လေပြင်း တိုက်ခတ်မှု ကြောင့် ပိုင်ရှင်ဒေါ်သန်းသန်းမော်၏ သွပ်မိုး၊ အုပ်ကာ၊ ပျဉ်ခင်း အလျား(၁၈)ပေ၊ အနံ(၁၈)ပေ၊ အမြင့်(၁၅)ပေရှိ နေအိမ်အမိုးလန် ပျက်စီးခဲ့သဖြင့် ယနေ့ နံနက်(၁၁)နာရီအချိန် တွင် မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိ သူများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့်အတူ ပျက်စီး နေအိမ်ပိုင်ရှင် လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။