ဖျာပုံ သြဂုတ် ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၊ ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေး လုပ်ငန်းပညာသင်ကျောင်းနှင့် PTTEP International Limited (Yangon Branch) တို့ ပူးပေါင်း ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင်သင်တန်း ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က ဖျာပုံမြို့ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်က သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "အလှပြင် သင်တန်း" ဖွင့်လှစ်ရခြင်းမှာ ပြည်သူများ အလုပ်အကိုင်ရရှိရေး၊ အမျိုးသမီးများရဲ့ဘဝ အသက်မွေးဝမ်းကျောင်းမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို လူမှုဝန်ထမ်း ဌာနအနေဖြင့် အမျိုးသမီးများ ဒေသတွင်း အလုပ်အကိုင်များ ရရှိစေရန်၊ အိမ်တွင်းမှုပညာ ရပ်များဖြင့် ကျွမ်းကျင်လုပ်သားများဖြစ်လာပြီး မိမိကိုယ်တိုင်ရပ်တည်နေထိုင်နိုင်စေရန် ဖွင့်လှစ် သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဖျာပုံခရိုင် လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ထွေးကြည်၊ PTTEP International Limited (Yangon Branch) မှ Mr. Arraya Chamitim နှင့် ဖျာပုံမြို့ အိမ်တွင်းမှုသက်မွေးပညာ သင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးမူတို့က သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ကြသည်။ ဆက်လက်၍ အလှပြင်သင်တန်းတွင် မိတ်ကပ်အလှပြင်ခြင်းနှင့် ဆံပင်ညှပ်ခြင်းတို့တွင် ဆုရရှိသူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက ဆုများပေးအပ်ကြပြီး သင်တန်းသူများ ကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)