တာလေမြို့၌ အသားများ သတ်မှတ်စည်းကမ်းချက်ပါအတိုင်း ရောင်းချမှုရှိစေရေး တာဝန်ရှိသူများဆောင်ရွက်

တာလေ ဩဂုတ် ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ စည်ပင်သာယာရေးဌာန၏ သားသတ်လိုင်စင်ရယူထားသူများအား သားသတ်လုပ်ငန်းစည်းကမ်းချက်ပါအတိုင်း ရောင်းချမှုရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက စည်ပင်သာယာရေးဌာန၌ ခေါ်ယူရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ခေါ်ယူရှင်းလင်းမှာကြားရာတွင် ဝက်သားနှင့် အမဲသား သားသတ်လုပ်ငန်းလိုင်စင်ရယူ ထားသူများအား သားသတ်လုပ်ငန်းစည်းကမ်းချက်တွင်ပါရှိသည့် သတ်မှတ်နှုန်းထားအတိုင်း ရောင်း ချမှုရှိစေရန်၊ သတ်မှတ်နှုန်းထားများကို အများမြင်သာအောင် ဆိုင်ရှေ့တွင်ချိတ်ဆွဲထားရှိရန်နှင့် သန့် ရှင်းလတ်ဆတ်ပြီး အလေးချိန်မှန်ကန်စွာရောင်းချရန်တို့ကို စည်ပင်သာယာရေးဌာနမှ ဉီးစီးမှူး ဉီးမနားရွှီနှင့် တာဝန်ရှိသူတို့က ရှင်းလင်းမှာကြားပြီး အဆိုပါ ဝက်သားနှင့် အမဲသားများရောင်းချ သည့် ဆိုင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တာလေမြို့ စည်ပင်သာယာရေးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း သားသတ်လိုင်စင်ရယူ ထားသူ(၂)ဉီးရှိပြီး ဝက်သား အသား(အရိုး ၅ ကျပ်သားပါ)တစ်ပိဿာလျှင် နှစ်သောင်းကျပ်၊ အရိုးနှင့်အသားရောရာတစ်ပိဿာလျှင် တစ်သောင်းခြောက်ထောင်ကျပ်၊ ဝမ်းတွင်းသား(ကလီစာ) တစ်ပိဿာလျှင် တစ်သောင်းငါးထောင်ကျပ်နှင့် အမဲသား အသား(အရိုး ၅ ကျပ်သားပါ)တစ်ပိဿာ လျှင် နှစ်သောင်းငါးထောင်ကျပ်၊ အရိုးနှင့်အသားရောရာတစ်ပိဿာလျှင် နှစ်သောင်းကျပ်၊ ဝမ်းတွင်း သား(ကလီစာ)တစ်ပိဿာလျှင် နှစ်သောင်းကျပ် သတ်မှတ်ထားကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)