စလင်းမြို့နယ်၌ အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

စလင်း သြဂုတ် ၃

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်၌ အသက်(၁)”နှစ်ခွဲအောက် ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များအား  ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့်  အသက်(၅)နှစ်အောက် ကလေးငယ်များအား သံချဆေးနှင့် ဘီတာမင်(A)ဆေးများ တိုက်ကျွေးခြင်းကို စလင်းမြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက စလင်းမြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်နှင့်  ကျေးရွာအုပ်စုအသီးသီး စုရပ်နေရာများ၌  ယနေ့နံနက်(၉)နာရီအချိန်မှ စတင်ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါပုံမှန်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင်  ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၈)ရပ်ကွက်ရှိ  အသက်(၂)လမှ အသက်(၁)နှစ်ခွဲအောက်  ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးဖြစ်သော ဆုံဆို့၊ ကဿ်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါ(ဘီ)ပိုး၊ ဦးနှောက်အမှေးရောင်၊ (၅)မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုသောက်ဆေး၊ ထိုးဆေးများထိုးနှံတိုက်ကျွေးခြင်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား  မေးခိုင်ကာကွယ်ဆေးတို့ကို  ထိုးနှံပေးခဲ့ပြီး  အသက်(၅)နှစ်အောက် ကလေးငယ်များအား  သံချဆေးနှင့်  မျက်စေ့အားဆေး ဘီတာမင်(A)ဆေးများ  ထိုးနှံတိုက်ကျွေးခြင်းများကို  စလင်းမြို့ စျေးမရပ်ကွက်ခြောက်ဆူဘုရာအာရုံခံဘုရား တန်ဆောင်းအတွင်းနှင့် ပေါင်းနားရပ်ကွက် မင်းအာကာဘုရားတန်ဆောင်း၊ မြင်တင်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့တွင်  ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအသီးသီးတို့တွင် ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို  မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ကျေးလက်ကျန်းမာရေးဆရာမများက စုရပ်အသီးသီးတို့သွားရောက်၍  ကလေးငယ်များနှင့်  ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးခြင်းနှင့်တိုက်ကျွေးခြင်းများကို  ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

မောင်လွင်(စလင်း)