ပခုက္ကူ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်တွင် ယခုနှစ်မိုးရာသီကာလအတွင်းစိုက်ပျိုးထားသည့် မိုးစပါးနှင့် အခြားသီးနှံစိုက် ခင်းဧကပေါင်း တစ်သောင်းတစ်ထောင်ကျော်တို့အား လျှပ်စစ်မြစ်ရေတင်လုပ်ငန်း ၁၄ ခုဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိကြောင်း ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနထံက သိရသည်။
ယခုနှစ်မိုးရာသီကာလအတွင်း မိုးစပါးနှင့်အခြားသီးနှံများစိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများအနေဖြင့် စိုက်ပျိုးရေ လိုအပ်ချက်မရှိစေရေးနှင့် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းရေးတို့အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများအနေဖြင့် ပခုက္ကူမြို့နယ်တွင် ရွှေတန့်တစ်၊ ကြီးရွာ၊ ကုက္ကိုလှ၊ နုံးပို့ စသည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၄)ခု၊ ရေစကြိုမြို့နယ်တွင် မင်းရွာ၊ မအူအောက်ဆိပ်၊ ဝါယာစည် (ဝါယာသာစည်တိုးချဲ့)၊ ရွှေချောင်း၊ သမန္တပို၊ ချစ်သူ၊ သင့်သည် စသည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၇)ခု၊ ပေါက်မြို့နယ်တွင် ရေပြာ၊စံဖဲလျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၂)ခု၊ ဆိပ်ဖြူ မြို့နယ်တွင် ဆိပ်ဖြူအောက်ဆိပ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း(၁)ခု၊ စုစုပေါင်းလျှပ်စစ်မြစ်ရေတင်လုပ်ငန်း (၁၄)ခုတို့ဖြင့် မိုးစပါး နှင့်အခြားစိုက်ပျိုးသီးနှံဧကပေါင်း ၁၁၀၀၀ကျော်တို့အား ရေပြတ်လပ်မှုမရှိစေရေး ကြိုးပမ်းရေပေးဝေလျက်ရှိကြောင်း ပခုက္ကူခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘာမီသာ(ပခုက္ကူ)