သထုံ ဩဂုတ် ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)တွင် Social Media အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှလှဌေးက လူမှုကွန်ယက်စာမျက်နှာ Facebook page များ၊ Social Media များကို အသုံးချကာ နည်းလမ်းပေါင်းစုံဖြင့် သွေးထိုးလှုံ့ဆော်ရေးသား ဖြန့်ဝေနေသည့် သတင်းအမှားများ၊ ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ကြံဖန်တီးထားသည့် ဝါဒဖြန့်သတင်းများအား ရှောင်ရှားတတ်စေရေးနှင့် ယုံကြည်စိတ်ချရသည့် နိုင်ငံပိုင်သတင်းစာများ၊ သတင်းရုပ်သံများတို့ကိုကြည့်ရှုရေး၊ ကျောင်းသားလူငယ်များ အနာဂတ်သားကောင်းများဖြစ်လာရေးအတွက် စာအုပ်စာပေများလေ့လာဖတ်ရှုကြရေးနှင့် စာကြည့်တိုက်များအသုံးပြုကြရေးတို့ကို ဟောပြောသည်။
အဆိုပါဟောပြောပွဲသို့ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဆွေ၊ နယ်စပ်ဒေသတိုင်ရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း(သထုံ)မှ ကျောင်းအုပ်ကြီးဦးအောင်ကျော်နှင့်ဝန်ထမ်းများ၊ သင်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်