ချောက်မြို့ အ.ထ.က (၂)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 03,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက် ၉ နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစွယ်တော်ခန်းမတွင် ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊လူ ကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ဆိုရှယ်မီဒီယာအကြောင်း အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။