မိုင်းငေါ့မြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် နည့်လှည့်ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက် 

မိုင်းငေါ့ ဩဂုတ် ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီအချိန်က အ.မ.က မန်လုံကျောင်းသို့ သွားရောက်ပြီး အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းပြုလုပ် ဆောင်ရွက်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်မှူး ဒေါ်မို့မို့က ကျောင်းသား/ကျောင်းသူ လူငယ်၊ လူရွယ်‌လေးများအား ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိရေး စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန်အတွက် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများအား စိတ်အပန်းဖြေ‌ပျော်ရွှင်စေရန် ဆရာမင်းယုဝေ၏ “‌တောကျီးမိုက်” ရုပ်ပြပုံပြင် စာအုပ်ဖြင့် ပုံပြောခြင်းကိုလည်း ပြုလုပ်ဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့၊ ပြန်/ဆက်)