နတ်မောက် ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ဒေသဆန်ဖူလုံပိုလျှံရေးအတွက် မိုးစပါး(၂၆၀၆၆)ဧက လျာထားလျက်ရှိရာ (၁၅၇၈)ဧကစိုက်ပျိုးပြီးကြောင်းနှင့် မိုးစပါးပြည့်မီကျော်လွန်ရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်း မိုးစပါးများစိုက်ပျိုးရာတွင် မနောသုခ၊ ဆင်းသုခ၊ GW-11၊ ထိုင်းနှံကောက်၊ ဆာဖိုးသာစပါးမျိုးများ အဓိကထားပြီး မိမိတို့စိုက်ပျိုးလိုသည့် နည်းစနစ်များဖြင့် ပျိူးထောင်စိုက်ပျိုးခြင်း၊ အစေ့တိုက်ရိုက်ချစိုက်ပျိုးခြင်း ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းနည်းလမ်းများဖြင့် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ နတ်မောက်မြို့နယ်တွင် မိုးစပါးစိုက်ခင်းများ အောင်မြင်ရေးနှင့် အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသနှင့်ကိုက်ညီသည့် စပါးမျိုးများဖြန့်ဝေပေးလျက်ရှိပြီး စိုက်နည်းစနစ်မှန်ကန်စေရေး စပါးစိုက်တောင်သူများနှင့်ပူးပေါင်း၍ စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှဝင်း