သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် အရုဏ်ဆွမ်းလောင်းလှူပွဲ တက်ရောက်
Aug 04,2023
ဧကုနဝီသတိမ(၁၉)ကြိမ်မြောက် ဝါတွင်းကာလ မဟာသံဃိကဒါန အရုဏ်ဆွမ်း လောင်းလှူပွဲကို ယမန်နေ့နံနက် ၄ နာရီခွဲအချိန်က ပုသိမ်မြို့ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ အရှေ့ဖက်မုခ်အနီးရှိ ဝိသာခါ (ဒေါ်လှယဉ်ဓမ္မာရုံ)၌ ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်၍ အရုဏ်ဆွမ်း လောင်းလှူခဲ့ကြသည်။
ငါန်းဇွန်မြို့၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပါတ်လှုပ်ရှားမှု နို့တိုက်မိခင်များအား အာဟာရပြည့်ဝစွာ စားသောက်တတ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အာဟာရထောက်ပံ့မှု အခမ်းအနားကျင်းပ
Aug 04,2023
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့နံနက် ၈ နာရီက မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ပူးပေါင်းပြီး၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပါတ် လှုပ်ရှားမှုအနေဖြင့် နို့တိုက်မိခင်များအား အာဟာရပြည့်ဝစွာ စားသောက်တတ်ရေး အသိပညာပေးဟောပြောခြင်းနှင့် အာဟာရထောက်ပံ့မှု အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် လေပြင်းဘေးအကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ပြုလုပ်
Aug 04,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဘေးအကြောင်း သိ‎ကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
သာပေါင်းမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၃)လုံး ပြိုကျပျက်စီးဆုံးရှုံးမှုဖြစ်ပွားခဲ့
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ကျုံဒဒွန်းကျေးရွာအုပ်စုတွင် ဩဂုတ်လ ၂ ရက်နေ့၊ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့်  နေအိမ်(၃)လုံး ပြိုကျပျက်စီး ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။
အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်းနှင့် အပြည်ပြည်ဆိုင်ရာအလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များပြသ
Aug 04,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် သတိပြုရမည့် အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ၏ ဆိုးကျိုးအန္တရာယ်များအကြောင်း အသိပညာပေးနံရံကပ်စာစောင်နှင့် အပြည်ပြည်ဆိုင်ရာ အလွှဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးနံရံကပ်စာစောင်များ ပြသခြင်းကို ယနေ့နံနက် (၁၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြသပေးလျက်ရှိကြောင်း သိရသည်။
သာပေါင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့်ကျောင်းများအရောက် စာအုပ်စာစောင်များ ငှားပေးလျက်ရှိ
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile Library Bus ဖြင့် ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊မွန်းလွှဲ ၁ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း) ရောက်ရှိ စာအုပ်၊ စာစောင်များ အပ်နှံလက်ခံလဲလှယ် ထပ်မံငှားပေးခဲ့ကြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့် ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး
Aug 04,2023
ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးတို့နှင့် အတူ ယမန်နေ့ မွန်းလွဲ (၃) နာရီက ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက အချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ကသာခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ဒေသအစားအစာ မုန့်ပြုလုပ်နည်း သင်တန်းပြုလုပ်
Aug 04,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ဒေသအစားအစာမုန့်ပြုလုပ်နည်း သင်တန်းကို လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။