သာပေါင်းမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile Library Bus ဖြင့်ကျောင်းများအရောက် စာအုပ်စာစောင်များ ငှားပေးလျက်ရှိ

သာပေါင်း ဩဂုတ် ၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်သို့ ဧရာဝတီတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် ကျောင်းသား၊ ကျောင်းသူလူငယ်များ စာပေဖတ်ရှုသည့်အလေ့အထကောင်းများ ရရှိစေရန်ရည်ရွယ်၍ Mobile Library Bus ဖြင့် ယနေ့ ဩဂုတ်လ ၃ ရက်နေ့၊မွန်းလွှဲ ၁ နာရီခွဲအချိန်က အခြေခံပညာ အထက်တန်းကျောင်း(သာပေါင်း) ရောက်ရှိ စာအုပ်၊ စာစောင်များ အပ်နှံလက်ခံလဲလှယ် ထပ်မံငှားပေးခဲ့ကြသည်။

ထိုသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library Bus ဖြင့် စာအုပ်စာ‌စောင်များ ငှားပေးကြရာတွင် ကျောင်းသား၊ကျောင်းသူများ စာပေနှင့်စဉ်ဆက်မပျက်စေရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးနှင့် အချိန်ကုန် လူမပင်ပန်းရဘဲ စာအုပ်စာစောင်များ အဆင်ပြေချောမွေ့စွာ ငှားရမ်းဖတ်ရှုနိုင်ရေးတို့အတွက် သုတ/ရသစာအုပ် စာစောင်များဖြစ်သော ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများ စုံလင်စွာရရှိမည့် စာအုပ်များကို အပ်နှံလက်ခံ၍ လဲလှယ်ထပ်မံငှားပေးခဲ့ကြပြီး ရက်သတ္တနှစ်ပတ်လျှင် တစ်ကြိမ်လဲလှယ်စနစ်ဖြင့် ငှားပေးလျက်ရှိကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)