ကော့သောင်းမြို့တွင် လေပြင်းဘေးအကြောင်း သိကောင်းစရာ အသိပညာပေးTalk Show ဆွေးနွေးပွဲ ပြုလုပ်

ကော့သောင်း ဩဂုတ် ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ လေပြင်းဘေးအကြောင်း သိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကိုယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေဇင်ဦးက လေပြင်းဘေးဆိုင်ရာ သိလိုသည့် အကြောင်းအရာများအား မေးမြန်းခဲ့ရာ ဘေးအန္တယ်ဆိုင်ရ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးချောစုက လေပြင်းဘေးဖြစ်စဉ်ဖြစ်ရသည့် အကြောင်းအရင်း၊ လေပြင်းဖြစ်ပေါ်လာသည့် အခြေအနေ၊ နှစ်စဉ်ထိခိုက်မှု ဖြစ်စဉ်များ၊ လေပြင်းမဖြစ်မီ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ လေပြင်းတိုက်ခိုက်စဉ် လိုက်နာရမည့်အချက်များ၊ လေပြင်းတိုက်ခိုက်ပြီး လိုက်နာဆောင်ရွက်ရမည့် အချက်များ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနအနေဖြင့် လေပြင်းဘေးနှင့် ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်နေမှု လုပ်ငန်းများအကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် "မိမိတို့ ကော့သောင်းမြို့ဟာကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် လေပြင်းဘေး မဖြစ်မီ ဖြစ်နေစဉ်နှင့် ဖြစ်ပြီးကာလ လိုက်နာရမည့် အချက်များအား လိုက်နာဆောင်ရွက်ကြပါရန် "တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)