ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့် ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေး

ဒေးဒရဲ သြဂုတ် ၄

ဧရာဝတီတိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဦးဝင်းမြင့် တိုင်းဒေသကြီး တရားရေးဦးစီးမှူး ဒေါ်ထွေးထွေး၊ ဖျာပုံခရိုင် တရားသူကြီး ဒေါ်သူဇာအေးတို့နှင့် အတူ ယမန်နေ့ မွန်းလွဲ (၃) နာရီက ဒေးဒရဲမြို့နယ် အချုပ်ထောင်အား ကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သက်နိုင်ဦးနှင့် တာဝန်ရှိသူများက ချုပ်ထောင်အတွင်း အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် အချုပ် ထောင်အတွင်းရှိ အချုပ်သား၊ အချုပ်သူများ နေထိုင်သည့် အဆောင်များကြံ့ခိုင်မှုနှင့် လုံခြုံရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုကာ လိုအပ်ချက်များကို မှာကြားဆွေးနွေးခဲ့ သည်။ ဆက်လက်၍ အချုပ်သား၊ အချုပ်သူများအား ဥပဒေပါ အခွင့်အရေးများ ရရှိခြင်း ရှိ/မရှိ၊ နေရာ ထိုင်ခင်း သက်သာချောင်ချိမှု ရှိ/မရှိ၊ အစာအာဟာရ သင့်တင့်မျှတမှု ရှိ/မရှိနှင့် ကျန်းမာရေး စောင့်ရှောက်မှု ရ/မရ အခြေအနေများကို ကြည့်ရှုစစ်ဆေးမေးမြန်းခဲ့ပြီး လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန် အချုပ်ခန်း တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အေဇာလင်း