မြင်းမူမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် စာအုပ်ဖတ်ပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Aug 04,2023
စာဖတ်ရှု့သူများ အချင်းချင်းတွေ့ဆုံ၍ မိမိဖတ်ရှု့လေ့လာထားသည့် စာအုပ်မှရရှိသည့် ဗဟုသုတများအား အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်ရန်နှင့် စာကြည့်တိုက်သို့ လစဉ် ရောက်ရှိလာသည့် စာအုပ်များအား စာဖတ်သူများ ကြည့်ရှု့လေ့လာနိုင်ရန်အတွက် စာဖတ်ဝိုင်းနှင့် စာအုပ်ပြပွဲကို ဩဂုတ်လ(၄)ရက်နေ့ (နံနက်ပိုင်း)က စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် ပြုလုပ်ခဲ့သည်။